Tuesday, July 1, 2014

မြောက်ဦးမြို့ တောင်သူပညာပေး သင်တန်း အမှတ်စဉ် ၁/၂၀၁၄ နှင့် ဘောင်စနစ်ဖြင့် ပျိုးထောင်နည်း သရုပ်ပြပွဲ ကျင်းပ

ရခိုင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူးရုံးက ကြီးမှူး၍ စိုက်ပျိုးပညာပေး အဖွဲ့က ဇွန်လ(၂၉)ရက်နေ့ နေ့လယ်က မြောက်ဦးမြို့ တောင်သူပညာပေး သင်တန်း အမှတ်စဉ် ၁/၂၀၁၄ နှင့် ဘောင်စနစ်ဖြင့် ပျိုးထောင်နည်း သရုပ်ပြပွဲကို ထိပ်ဝပြင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ တောင်သူပညာပေး သင်တန်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ရခိုင်ပြည်နယ် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အတွက် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ စိုက်ပျိုးရေး နည်းစနစ်များ၊ စိုက်ပျိုးရမည့် နည်းလမ်းများကို လည်းကောင်း၊ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်မျိုးစေ့ တာဝန်ခံမှ မျိုးစေ့ထုတ်လုပ်မှု နည်းပညာများကို လည်းကောင်း၊ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် သီးနှံကာကွယ်ရေး တာဝန်ခံမှ ရောဂါပိုးမွှားများ၊ ဘက်စုံသီးနှံ ကာကွယ်နည်းလမ်းများ၊ ပိုးသတ်ဆေးကို စနစ်တကျ ကိုင်တွယ်သုံးစွဲရန် နည်းစနစ်များကို လည်းကောင်း၊ ရှင်းလင်းသင်ကြား ပို့ချခဲ့ပါသည်။ ထို့နောက် သင်တန်းသူ သင်တန်းသားများနှင့် တောင်သူ(၅၀)နှင့် ဝန်ထမ်း(၁၅)ဦးတို့က မြောက်ဦးမြို့နယ် ထိပ်ဝပြင် ကျေးရွာ၌ ရွှေဝါထွန်းမျိုးစပါးကို ဘောင်စနစ်ဖြင့် စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။


No comments:

Post a Comment