တာချီလိတ်မြို့သည်
နယ်စပ်မြို့တစ်မြို့ ဖြစ်သော်လည်း မြန်မာအမျိုးသီးများနှင့် တိုင်းရင်းသူ အမျိုးသမီးများသည်
မိမိတို့ရိုးရာ အဝတ်အစားများကို တန်ဖိုးထား ဝတ်ဆင်ကြသည်ကို တွေ့ရှိရပါသည်။ ထိုသို့
ဝတ်ဆင်ကြခြင်းမှာ တာချီလိတ်ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့မှ ကြီးမှူးပြီး
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပြပွဲ/ပြိုင်ပွဲကို
နှစ်စဉ်ကျင်းပပေးခဲ့ခြင်း၏ ရလဒ်ပင် ဖြစ်ပါသည်။ ယခုနှစ်ပြိုင်ပွဲကိုလည်း ဇွန်လ(၃၀)ရက်
ည(၇)နာရီက တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပြိုင်ပွဲမကျင်းပမီ
မြန်မာတေးသီချင်းများ တိုင်းရင်းသားရိုးရာ အကပဒေသာများဖြင့် သီဆိုကပြ ဖျော်ဖြေပါသည်။
ပြိုင်ပွဲတွင် မြန်မာတိုင်းရင်းသူ (၂၇)ဦးသည် မြန်မာဆန်ဆန် ဝတ်စားဆင်ယင်မှု ပုံစံတစ်မျိုးစီဖြင့်
ပါဝင်ယှဉ်ပြိုင် ကြပါသည်။ ပြိုင်ပွဲတွင် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း ကိုယ်စားပြု
မချယ်ရီအောင်က ပထမ၊ အထက(တာချီလိတ်) ကိုယ်စားပြု မနန်းဟွမ်ခေးကျောက်က ဒုတိယ၊ ဟောင်လိတ်ရပ်ကွက်
ကိုယ်စားပြု မနီလာစိုးက တတိယ ရရှိကြပြီး ဆုများကို တာဝန်ရှိသူများက ချီးမြှင့်ခဲ့ကြောင်း
သတင်းရရှိပါသည်။
No comments:
Post a Comment