အဲပယ်လ်စမတ်ကိရိယာများမှ
ကိုယ်ရေးအချက်အလက်များ ထုတ်ယူမှုသရုပ်ပြခဲ့သော မှုခင်းသိပ္ပံပညာရှင်ရဲ့ ဖြစ်စဉ်ပြီးနောက်မှာတော့
အိုင်ဖုန်းအသုံးပြုသူများအကြား ပုဂ္ဂိုလ်ရေးရာ အချက်အလက်လုံခြုံရေးနဲ့ ပက်သက်လို့ စိုးရိမ်မှုပိုလာပါသည်။
ဒီသရုပ်ပြမှုမှာတော့ မက်ဆေ့များ၊ ဆက်သွယ်မှုလိပ်စာနဲ့ ဓာတ်ပုံများကို အိုင်ဖုန်းနဲ့ အိုင်ပက်များမှ
ထုတ်ယူပုံကို ယူကျူ့ဘ်တွင် ဖော်ပြခဲ့ကြောင်း သိရပါသည်။ ယခင်သီတင်းပတ်က အဲပယ်ရဲ့ ပြောကြားချက်အရတော့
မိမိတို့အနေနဲ့ အိုင်အိုအက်စ်ကို ပြန်လည်ပြင်ဆင်ရာမှာ အသုံးပြုသူရဲ့ ပုဂ္ဂလိကအချက်အလက်နဲ့
လုံခြုံရေးကို ထိခိုက်မှုမရှိအောင် တည်ဆောက်ထားပေမယ့် အိုင်တီဌာနများနဲ့ အခက်အခဲများကို
ပြန်လည်ပေးပို့နိုင်ဖို့ အချက်အလက်များကိုတော့ ဖြည့်စွက်ထားပြီးဖြစ်ကြောင်း ပြောကြားထားပါသည်။
အဲပယ်လ်အနေနဲ့တော့ လုံခြုံမှုနဲ့ စပ်လျဉ်းပြီး တစ်စုံတစ်ရာတိုးမြှင့်မှု ပြုလုပ်မလား
ဒါမှမဟုတ် စုံစမ်းဖော်ထုတ်မှာလားဆိုတဲ့ အချက်အလက်များကိုတော့ ထုတ်ဖော်ခြင်းမရှိသေးကြောင်း
သိရှိရပါသည်။
No comments:
Post a Comment