အီဗိုလာရောဂါကူးစက်မှုကို
တိုက်ဖျတ်ရာမှာ ဆီရီယယ်-လျူန်းနိုင်ငံအတွက် ဦးဆောင်ပါဝင်ခဲ့သူ ဒေါက်တာရှီးအစ်စ်-အူမာ-ခမ်းဟာ
ဒီရောဂါပိုးနဲ့ပဲ ပြီးခဲ့တဲ့ (၂၉)ရက် နေ့က ကွယ်လွန်ခဲ့ကြောင်း သိရပါသည်။ ဒေါက်တာခမ်းဟာ
အာဖရိကအနောက်ပိုင်းမှာ ပြန့်ပွားနေတဲ့ ရောဂါဆိုးကို ဟန့်တားဖို့ကြိုးစားရင်းနဲ့ လူနာပေါင်း(၁၀ဝ)ခန့်ကိုလည်း
ကုသခဲ့ကြောင်း သိရပါသည်။ အီဗိုလာကြောင့် ဂီနီ၊ လိုဘေးရီးယားနဲ့ ဆီရီယယ်-လျူန်းနိုင်ငံများမှာ
ပြည်သူ(၆၇၂)ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း (ဒဗလျူအိတ်ခ်ျအို)ရဲ့ စစ်တမ်းများအရ သိရပါသည်။
ဒီကူးစက်တတ်သောရောဂါဟာ ကုရာနတ္ထိဆေးမရှိသလိုေ၇ာဂါလက္ခဏာများမှာတော့ အော့အန်ခြင်း၊ ဝမ်းသွားခြင်းနဲ့
ကိုယ်တွင်းနဲ့အပြင်ပိုင်း သွေးယိုစိမ့်ခြင်းတို့ ဖြစ်ကြောင်းသိရပါသည်။ ယခုကူးစက်မှုနဲ့
စပ်လျဉ်းလို့ သေဆုံးသူ ရာခိုင်နှုန်းဟာ (၆၀)ရာခိုင်နှုန်းသာရှိပေမယ့် အီဗိုလာကူးစက်ခံရသူ
(၉၀)ရာခိုင်နှုန်းဟာ သေဆုံးသွားခဲ့ကြောင်း သိရပါသည်။ အသက်(၃၉)နှစ်အရွယ် ဒေါက်တာခမ်းကိုတော့
ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံသူ့ရဲကောင်း တစ်ဦးဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့တယ်လို့
သိရှိရပါသည်။ အီဗိုလာရောဂါ ပြန့်ပွားမှုဟာ အာဖရိက အနောက်ပိုင်း နိုင်ငံများမှာ ဆိုးရွားလာနေပြီး
ဒီအခြေအနေကြောင့် အမေရိကန်ပြည်ထောင်စု ငြိမ်ချမ်းရေးအဖွဲ့ အနေနဲ့ ၄င်းရဲ့ဝန်ထမ်းများကို
ရောဂါသင့်ရာ အာဖရိကနိုင်ငံ (၃)ခုမှ ပြန်လည် ခေါ်ယူထားပြီးဖြစ်ကြောင်းနဲ့ ယခုကဲ့သို့
ခေါ်ယူရခြင်းဟာ အမေရိကန် ပြည်ထောင်စု စေတနာ့ဝန်ထမ်း (၂)ဦး ရောဂါကူးစက်ခံရပြီး သီးခြားခွဲထားရပြီးတဲ့နောက်
ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment