(၁၆)သင်းအဆင့်
ရှုံးထွက်ပွဲစဉ်များမှာတော့ အာဂျင်တီးနားက ဆွစ်ဇာလန်ကို (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရထားပါသည်။
ပွဲကစားချိန် မိနစ်(၉၀)အထိ သရေကျနေခဲ့ပြီး ပထမပိုင်း အချိန်ပို(၁၅)မိနစ်မှာလည်း ဒီရလာဒ်အတိုင်းပဲ
ရှိနေခဲ့လို့ အရှုံးအနိုင် မပေါ်ခဲ့ပါဘူး။ ဒုတိယပိုင်း အချိန်ပို(၁၅)မိနစ် ပြီးဆုံးခါနီးမှ
ဒီ-မာရီယာရဲ့ သွင်းဂိုးနဲ့အတူ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပါသည်။ ဘယ်လ်ဂျီယံနဲ့ အမေရိကန်တို့ပွဲစဉ်မှာတော့
ဘယ်လ်ဂျီယံက (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရရှိထားကြောင်း သိရပါသည်။ လက်ကျန်(၈)သင်း ကွာတားဖိုင်နယ်
ပွဲစဉ်များမှာတော့ ဂျာမနီနဲ့ပြင်သစ် နယ်သာလန်နဲ့ ကော်စတာရီကာ၊ အိမ်ရှင်ဘရာဇီးနဲ့ ကိုလံဘီယာ၊
အာဂျင်တီးနားနဲ့ ဘယ်လ်ဂျီယံတို့ အသီးသီး တွေ့ဆုံရအုံးမှာ ဖြစ်ပါသည်။
No comments:
Post a Comment