အမေရိကန်ပြည်ထောင်စု
ဝါရှင်တန်မှာ သွားဆရာဝန်ထံသို့ သွားရောက်ရန်အတွက် စိတ်ဖိစီးမှုဒဏ်ကို ခံစားနေရတဲ့ လူနာများအတွက်
စိတ်သက်သာသွားစေရန် ရွှေရောင်အမွှေးတွေရှိတဲ့ ခွေးကလေးနဲ့ မိတ်ဆက်ပေးကာ လူနာရဲ့စိတ်ကို
ကြောက်ရွံ့မှုမှ သက်သာစေအောင် ပြုလုပ်ပေးကြောင်း သိရပါသည်။ မော်နီကာဂျွန်ဆန်လို့ အမည်ရတဲ့
အမျိုးသမီးကတော့ ၄င်းအနေနဲ့ အသက်(၁၅)နှစ် အရွယ်ကတည်းက မိမိရဲ့သွားများကို ကုသဖို့ ဆေးခန်းသို့သွားရန်
စိတ်မသက်မသာဖြစ်ခဲ့သော်လည်း အခုအခါမှာတော့ ၄င်းရဲ့စိတ်ကို လုံးဝပြောင်းလဲနိုင်ခဲ့ပြီဖြစ်ကြောင်း
ပြောကြားခဲ့ပါသည်။ သွားဆေးခန်းဆရာဝန် ဒေါက်တာ ဘားမန်းကတော့ အခုလို လေ့ကျင့်ပေးထားတဲ့ခွေးဖြင့်
ဝန်ဆောင်မှုပေမှု့ကို တောင်းဆိုသူ လူနာ(၂)ဦးခန့် နေ့စဉ်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment