Tuesday, July 1, 2014

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေးကျင်းပ

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေး (၂၂)ရက်မြောက်နေ့ကိုဒီကနေ့ ဇူလိုင်လ (၁)ရက်နေ့ မနက် (၁၀)နာရီကကျင်းပရာဘူးသီးတောင်-မောင်တောလမ်းပေါ်ရှိလိုဏ်ဂူငယ် ရှောင်ကွင်းလမ်းဖေါက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ မြန်မာနိုင်ငံတွင် နေ့စဉ်ထွက်ရှိနေသောရေနံစိမ်းနှင့် နေ့စဉ်သုံးစွဲနေသောလောင်စာဆီပမာဏမှာများစွာကွာခြားလျက်ရှိရာအနာဂတ် စွမ်းအင် လုံခြုံရေးအတွက် မည်သည့်ပေါ်လစီများချမှတ်ထားသည်ကိုသိရှိလိုကြောင်း၊ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်၏ ငွေချေးခြင်းလုပ်ငန်း၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီးယခုထက် ပိုမိုအားကောင်းသည့် စနစ်ကိုဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိစသည်ဖြင့် မေးခွန်း(၈)ခုမေးမြန်းခဲ့ကြရာသက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီးများက ပြန်လည် ဖြေကြားခဲ့ကြပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကိုတင်သွင်းခြင်းနဲ့ ဥပဒေကြမ်းကော်မတီကယင်းဥပဒေကြမ်းနဲ့ စပ်လျဉ်းတဲ့ အစီရင်ခံစာကိုဖတ်ကြားရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ဒီကနေ့ အစည်းအဝေးကိုမနက်(၁၁)နာရီ (၅၅)မိနစ်မှာရပ်နားခဲ့ပြီးအစည်းအဝေး (၂၃)ရက်မြောက်နေ့ကိုဇူလိုင်လ(၃)ရက် မနက်(၁၀)နာရီအချိန်မှာဆက်လက်ကျင်းပမှာ ဖြစ်ပါသည်။

No comments:

Post a Comment