Tuesday, July 1, 2014

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန်လ(၂၆)ရက် နံနက်ပိုင်းက သံတွဲမြို့ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာ သံတွဲခရိုင် အုပ်ချုပ်ရေးမှူးမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားအတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုထံမှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားပါသည်။ ဆက်လက်ပြီး သံတွဲခရိုင် ရဲတပ်ဖွဲ့မှူးက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ရမည့် အခန်းကဏ္ဍအား လည်းကောင်း၊ သံတွဲခရိုင် ဆရာဝန်ကြီးမှ ကျောင်းသားလူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ် အကြောင်းကိုလည်းကောင်း၊ သံတွဲခရိုင် ဥပဒေ အရာရှိက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအကြောင်းကိုလည်းကောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးသာလူချေနှင့် အဖွဲ့သည် ဆုရကျောင်းသား ကျောင်းသူများအား ဆုများ ချီးမြှင့်ပြီး အခမ်းအနားတွင် ပြသထားသော ပန်းချီကားများအား လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သတင်းရရှိပါသည်။


No comments:

Post a Comment