Tuesday, July 1, 2014

နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှု များအား တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ် ဆွေးနွေးပွဲ ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဇွန်လ(၂၉)ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သော နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှု များအား တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ် ဆွေးနွေးပွဲတွင် မှာကြားချက်ကို ဇူလိုင်လ(၁)ရက်နေ့ နံနက်(၈)နာရီတွင် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး ဦးစီးမှူးက ထပ်ဆင့်ရှင်းလင်း ရာတွင် ကောင်းမွန်သော အစိုးရတစ်ရပ် ဖြစ်ပေါ်ရေးအတွက် မိမိတာဝန်၏ အဓိက အချက်များဖြစ်သော အများသဘောတူညီမှု၊ ပွင့်လင်းထင်သာ မြင်သာရှိမှု၊ တာဝန်ယူမှု တာဝန်ခံမှုကို လိုက်နာ ဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားပါသည်။ ဆက်လက်၍ နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ် ဆွေးနွေးပွဲ ဆွေးနွေးချက်များကို ကော့သောင်းခရိုင် ဦးစီးမှူးကလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်၏ ဆွေးနွေးမှာကြားချက်များကို မြိတ်ခရိုင် ဦးစီးမှူးကလည်းကောင်း ထပ်ဆင့်ရှင်းလင်း ဆွေးနွေး ပြောကြားပါသည်။ အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ထားဝယ်ခရိုင် အတွင်း မြို့နယ်/ မြို့နယ်ခွဲရှိ ဝန်ထမ်းများ တက်ရောက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။


No comments:

Post a Comment