Wednesday, July 30, 2014

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ စစ်တွေမြို့ မြို့လယ်ချောင်း အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေး




သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း တို့သည် ဇူလိုင်လ(၂၈)ရက် မနက်ပိုင်းက စစ်တွေမြို့ မြို့လယ်ချောင်း အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးက မြို့လယ်ချောင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် စက်ယန္တရားများဖြင့် ချောင်းဝမှ စတင်ပြီး ကုလားတန်မြစ်၏ ရေနက်ပိုင်းနှင့် ဆက်စပ် ဆောင်ရွက်သွားမည့် အစီအမံများ၊ တူးမြောင်းအတွင်း နှုံးအနယ်များ ပြန်မကျစေရန် အတွက် ကျောက်ရိုးဖြင့် အတားအဆီးများ ဆောင်ရွက်မည့် အစီအမံနှင့် ဒေသခံပြည်သူများ အပန်းဖြေနိုင်ရေး တိုးချဲ့ဆောင်ရွက်မည့် အစီအမံများအား ဩဂုတ်လ ‘ဒုတိယပတ်မှ စတင်ပြီး လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

No comments:

Post a Comment