ပထမအကြိမ်
ပြည်ထောင်စု လွှတ်တော် ဒသမပုံမှန် အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ဒီကနေ့ ဇူလိုင် (၃၀)ရက်
မနက် (၁၀)နာရီက ကျင်းပရာ လစ်လပ်လျှက်ရှိသော ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
နေရာတွင် ဒုတိယဝန်ကြီး ဦးရဲထွဋ်အား၎င်း၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
နေရာတွင် ဒုတိယဝန်ကြီး ဒေါက်တာ သန်းအောင်အား၎င်း၊ ခန့်အပ်တာဝန် ပေးနိုင်ရေး နိုင်ငံတော်
သမ္မတထံမှ ပေးပို့တဲ့ သဝဏ်လွှာကို လွှတ်တော်သို့ တင်ပြခြင်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော
အမျိုးသားပညာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံစာ
ဖတ်ကြား တင်သွင်းခြင်း လွှတ်တော် ကိုယ်စားလှယ် (၆)ဦးတို့က ပြင်ဆင်ချက် အဆိုများ တင်သွင်းခြင်း
တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေး အတည်ပြုခြင်း၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီက နိုင်ငံတကာ
အကျိုးစီးပွားနှင့် သက်ဆိုင်သည့် လေယာဉ်ပစ္စည်း ကိရိယာများဆိုင်ရာ ဥပဒေကြမ်းနဲ့ စပ်လျဉ်းတဲ့
အစီရင်ခံစာ ဖတ်ကြား တင်သွင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပါတယ်။ ဆက်လက်ပြီး ဆောက်လုပ်ရေး
ဝန်ကြီးဌာနအတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ ဒေါ်လာသန်း(၈၀) ချေးယူလိုခြင်း လျှပ်စစ်ဝန်ကြီးဌာနရဲ့
ခွင့်ပြုပြီး ငွေလုံးငွေရင်း အသုံးစရိတ်ကို အခြားစီမံကိန်းသို့ ပြောင်းလဲ အသုံးပြု
ခွင့်ပြုရန်ကိစ္စ၊ ကိုရီးယား သမ္မတနိုင်ငံမှ ကာလရှည် အရစ်ကျငွေ စနစ်ဖြင့် လယ်ယာသုံး စက်ကိရိယာများ
ဝယ်ယူရန်ကိစ္စ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာန
တို့အတွက် လိုအပ်သည့်ငွေကို နိုင်ငံပိုင်ဘဏ်များမှ ထုတ်ချေးနိုင်ရေး ကိစ္စများနှင့်
စပ်လျဉ်းပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက
လွှတ်တော်သို့ တင်ပြခြင်း၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ယင်းကိစ္စများနဲ့ စပ်လျဉ်းပြီး
အစီရင်ခံစာ တင်သွင်းခြင်း၊ လွှတ်တော်က အဆုံးအဖြတ်ပြုခြင်းတို့ ဆောင်ရွက်ခဲ့ပါတယ်။ ဆက်လက်ပြီး
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦဆောင်သော အဖွဲ့၏ တရုတ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်၊ သစ်တော
သယံဇာတများ ဆန်းစစ်လေ့လာခြင်းနှင့် ရာသီဥတု ပြောင်းလဲမှု၊ အကျိုးဆက်များ လျော့ပါးသက်သာစေရန်
ကိစ္စများနှင့် စပ်လျဉ်းသည့် သဘောတူညီချက်တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုး ချုပ်ဆိုမည့်ကိစ္စ၊
စာရင်းကိုင် ဝန်ဆောင်မှု လုပ်ငန်းများအပေါ် အာဆီယံ အရည်အသွေးနှင့် ထောက်ခံလွှာ အပြန်အလှန်
အသိအမှတ်ပြုရေး အစီအစဉ်တွင် မြန်မာနိုင်ငံ လက်မှတ်ရေးထိုးရေး ကိစ္စများကို မှတ်တမ်းတင်ခြင်းတို့
ဆောင်ရွက်ခဲ့ပါတယ်။ ဒီကနေ့ အစည်းအဝေးကို မွန်းလွဲ (၃)နာရီ(၂၅)မိနစ်မှာ ရပ်နားခဲ့ပြီး
အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ဩဂုတ်လ (၁)ရက် သောကြာနေ့ မနက် (၁၀)နာရီမှာ ဆက်လက် ကျင်းပမှာ
ဖြစ်ပါသည်။
No comments:
Post a Comment