ရုရှားနိုင်ငံမှာ ထူးခြားတဲ့ ပြေးပွဲပြိုင်ပွဲ တစ်ခုကျင်းပခဲ့ပါသည်။
ဒီပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲသူများကတော့ ပန်းခြံထဲမှာ စိတ်အေးသက်သာစွာ လျှောက်လှမ်းနေရကနေ
ရုတ်တရက် ကြောက်မက်ဖွယ်ရာ အသွင်တစ်ခုသို့ ကူးပြောင်းပုံကို ကြုံတွေ့ကြရမှာ ဖြစ်ပါသည်။
ပါဝင်ဆင်နွှဲသူ (၅၀၀) ခန့်ကို ဇွန်ဘီ တို့က တရကြမ်းဝင်ရောက်တိုက်ခိုက်မှာ ဖြစ်ပြီး ဇွန်ဘီများဟာ
ပါဝင်ဆင်နွှဲသူများရဲ့ အင်္ကျီမှာ တွဲလွဲခိုနေမယ့် အသက်ဖဲကြိုးကို အရယူကြမှာ ဖြစ်ပါသည်။
ဒီပြိုင်ပွဲကြီးမစတင်ခင်မှာ ပါဝင်ဆင်နွှဲသူများ စိတ်လက်ခြောက်ချားစေဖို့ ကြိုတင် ပြင်ဆင်ထားပြန်ပါသည်။
No comments:
Post a Comment