Wednesday, July 30, 2014

အားကစားသတင်း

လီပါပူးနည်းပြ ဘရန်ဒန်-ရော်ဂါကတော့ မိမိအနေနဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူး ဒီမော့စ်-အော်ရစ်ဂီကို လိုင်လီမှခေါ်ယူနိုင်ခဲ့လို့ ဝမ်းသာပါကြောင်း (၃၀-၇-၁၄) ရက် နေ့ကပြောကြားထားပါသည်။ အော်ရစ်ဂီဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယံအတွက် (၅)ပွဲကစားခဲ့ပြီး ၄င်းဟာ အခုရွေ့ပြောင်းရာသီအတွင်း လီပါပူးခေါ်ယူခဲ့တဲ့ (၆)ဦးမြောက် ကစားသမားလည်းဖြစ်ပါသည်။ လီပါပူးတို့ ပရီးမီးယားလိဂ်ကို ရမှတ်(၈၆)မှတ်နဲ့ ဆွတ်ခူးထားတဲ့ မန်စီးတီးနဲ့ ရန်ကီအားကစားရုံမှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပါသည်။ ပြီးခဲ့တဲ့ရာသီတုန်းကတော့ လီပါပူးဟာ လက်ကျန်(၃)ပွဲမှာ (၁)ပွဲသရေနဲ့ (၂)ပွဲရှုံးခဲ့လို့ ရမှတ်(၈၄)မှတ်နဲ့အတူ ဒုတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment