အပစ်အခတ်ရပ်စဲရေး
အဆိုပြုချက်အတွက် ပြင်ဆင်နေစဉ်မှာပဲ ဂါဇာကမ်းမြှောင်မှာ (၃၀-၇-၁၄) ရက် နေ့က အစ္စရေးတို့ရဲ့
လေကြောင်းမှ တိုက်ခိုက်မှုများနဲ့ ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း (၄၃)ဦး
ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါသည်။ ဂါဇာဒုက္ခသည်စခန်းမှာ နေထိုင်သူ(၁၉)ဦးကျော် သေဆုံးခဲ့ကြောင်း
ကုလသမဂ္ဂ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။ ဂျာဘလျာ ဒုက္ခသည်စခန်းဟာ ဂါဇာကမ်းမြှောင်ရှိ
အကြီးဆုံးဒုက္ခသည်စခန်းဖြစ်ပြီး (၂၃)ရက်ကြာ အစ္စရေးနဲ့ လက်နက်ကိုင်အုပ်စုကြား တိုက်ခိုက်မှုများမှ
လွတ်မြောက်ရေး ထွက်ပြေးတိမ်းရှောင်သူ (၁)သိန်း (၂)သောင်းကျော် နေထိုင်လျှက်ရှိပါသည်။
ပြီးခဲ့တဲ့သီတင်းပတ်က (ယူအန်-အာရ်-ဒဗလျူအေ) ကျောင်းလွတ်တစ်ခုနဲ့ အခြားကျောင်းတစ်ကျောင်းတို့မှာ
ဒုံးကျည်(၂၀) တွေ့ရှိပြီးချိန်မှာ ကုလသမဂ္ဂအထွေထွေ အတွင်ရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးစကား
ပြောကြားခဲ့ပါတယ်။ အခြားတိုက်ခိုက်မှု တစ်ခုမှာလည်း ဂျာဘလျာရှိ မိသားစု တစ်စုတည်းမှ
လူ(၅)ဦးအပါအဝင် (၈)ဦးသေဆုံးခဲ့ကြောင်း ဂါဇာတာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။ ပဋိပက္ခများအတွင်း
ပါလက်စတိုင်းလူမျိုး အသက်(၁၈)နှစ်အောက် ကလေးငယ်(၂၀ဝ)အပါအဝင် လူပေါင်း(၁)ထောင်ကျော်
သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းက ပြောကြားခဲ့သလို ဇူလိုင်လ(၈)ရက် ထိုးစစ်ဆင်မှု စတင်ကတည်းကစပြီး
အရပ်သား(၃)ဦးအပါအဝင် တပ်ဖွဲ့ဝင်(၅၃)ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း အစ္စရေးမှ ပြောကြားခဲ့တယ်လို့
သိရှိရပါသည်။
No comments:
Post a Comment