အမေရိကန်နိုင်ငံခြားရေး
ဝန်ကြီးဌာနအနေနဲ့ မြောက်ကိုရီးယားမှာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား(၂)ဦးအား
လူသားချင်း စာနာထောက်ထားစွာဖြင့် ပြန်လွှတ်ပေးရန် (၃၀-၆-၁၄) ရက်နေ့က တောင်းဆိုထားပါသည်။
မြောက်ကိုရီးယား သတင်းဌာန(ကေစီအန်အေ)ကတော့ ဂျက်ဖရီဖောင်လီနဲ့ မက်သရူး-မစ်လာတို့ဟာ ပြစ်မှုထင်ရှားကြောင်း
သက်သေသက်ကာရများရှိလို့ တရားရေး ရင်ဆိုင်ရာမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါသည်။ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပဂ္ဂိုလ်ကတော့ အမေရိကန် နိုင်ငံသားများ တရားရေး
ရင်ဆိုင်ချိန်မှာ ၄င်းတို့ကို လုံခြုံစေဖို့နဲ့ စိတ်သက်သာရာရစေဖို့ တာဝန်ယူသွားမှာ
ဖြစ်ကြောင်း ထပ်လောင်း ပြောကြားထားပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ၄င်းတို့(၂)ဦးရဲ့
တရားစွဲဆိုချက်နဲ့ စပ်လျဉ်းတဲ့ အချက်အလက်များကိုတော့ ထုတ်ပြန်ခြင်း မရှိသေးသလို မြောက်ကိုရီးယား
ကတော့ ပြီးခဲ့တဲ့ဧပြီလက မော်လီဟာနယ်ပယ်အတွင်းသို့ လျို့ဝှက်ဝင်ရောက်ခဲ့လို့ မိမိရဲ့တည်ဆဲဥပဒေကို
ချိုးဖောက်ထားကြောင်း ပြောကြားလိုက်တယ်လို့ သိရှိရပါသည်။
No comments:
Post a Comment