Wednesday, July 30, 2014

ဂျပန် ဟီရိုရှီးမားမြို့ကို အနျူမြူဗုံးကျဲချခဲ့တဲ့ အန်နိုလာ-ဂေးလေယာဉ်မှ နောက်ဆုံး အသက်ရှင် ကျန်ရစ်သူ ဒတ်ခ်ျလူမျိုး ဗွန်ကာ့ခ် သေဆုံး

(၁၉၄၅)ခုနှစ် ဩဂုတ်လ(၆)ရက်နေ့က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို အနျူမြူဗုံးကျဲချခဲ့တဲ့ အန်နိုလာ-ဂေးလေယာဉ်မှ နောက်ဆုံးအသက်ရှင် ကျန်ရစ်သူ ‘ဒတ်ခ်ျလူမျိုး ဗွန်ကာ့ခ်ဟာ အသက်(၉၃)နှစ်အရွယ်မှာ ဂျော်ဂျီယာရှိ ၄င်းရဲ့နေအိမ်မှာ သေဆုံးခဲ့ကြောင်း သိရပါသည်။ ဗွန်ကာ့ခ်ဟာ ပထမဆုံး နျုကလီးယားဗုံးကျဲချတဲ့ လေယာဉ်ပေါ်မှ လမ်းကြောင်းပြသူ တစ်ဦးဖြစ်ပြီး အနုမြူဗုံးကျဲချပြီးတဲ့နောက် ဒီလိုမျိုး နောက်ထပ်မြင်ကွင်းတစ်ခုကို မမြင်လိုတော့ကြောင်း ပြောကြားခဲ့ပါသည်။ လစ်တဲ-ဘွိုင်းလို့ အမည်ပြောင်းပေးထားတဲ့ အနျုမြူဗုံးကျဲချခဲ့တဲ့ အန်နိုလာဂေးပေါ်မှာ အမှုထမ်း(၁၂)ဦးပါဝင်ပြီး ၄င်းဗုံးကြောင့် အဲဒီအချိန်က ဟီရိုရှီးမားမှာ အသက်ရှင်နေထိုင်သူ (၃)သိန်း(၅)သောင်းမှာ (၁)သိန်း(၄)သောင်းခန့် အသက်ဆုံးရှုံးခဲ့ကြပါသည်။ ဟီရိုရှီးမားကို ဗုံးကျဲပြီး (၃)ရက် အကြာမှာ အမေရိကန်ဟာ ဖတ်ထ်-မန်းလို့ အမည်ပေးထားတဲ့ အနုမြူဗုံးကို နာဂါဆာကီကို ထပ်မံကျဲချခဲ့ပါသည်။ ဗွန်ကာ့စ်ဟာ စစ်ပွဲအတွင်း ဥရောပခရီးစဉ်မှာ ပျံသန်းခဲ့သလို နာဂါဆာကီကို ဗုံးကျဲပြီးနောက် ၄င်းနေရာသို့ သွားရောက်လည်ပတ်ခဲ့ကာ စစ်ပွဲပြီးတဲ့နောက် ဓါတုအင်ဂျင်နီယာပညာရပ်ကို လေ့လာခဲ့ပါသည်။ ၄င်းရဲ့ ဈာပန အခမ်းအနားကို ၄င်းရဲ့မွေးရပ်မြေဖြစ်တဲ့ ပင်ဆယ်လ်ဗေးနီးယားရှိ နော့သမ်ဘား-လဲန်းဒ်မှာ ဩဂုတ်လ(၅)ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment