ဘေဂျင်းအနေနဲ့
အကြမ်းဖက်မှုနဲ့ လုံခြုံမှုတည်ငြိမ်မှု ရရှိစေဖို့အတွက် ယခု နွေဦးအားလပ်ချိန်တွင် အများသုံးပို့ဆောင်ရေး
ကဏ္ဍတွင် လုံခြုံမှုတိုးမြှင့်ထားကြောင်း သိရပါသည်။ ယခုတိုးမြှင့်မှုအရ မြေအောက် ရထားဘူတာများတွင်
လုံခြုံရေးဝန်ထမ်း (၄)ဦးမှ (၅)ဦး အထိ ထားရှိကြောင်း သိရပါသည်။ လုံခြုံရေးကုမ္ပဏီမှလည်း
ပါဝင်လာမှာ ဖြစ်သလို လက်နက် တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့များကို အရေးကြီး ဘူတာများမှာ တာဝန်
ချထားပြီး ၄င်းဘူတာများရဲ့ အမှိုက်သရိုက်စနစ်များကိုလည်း (၁၅)မိနစ်တစ်ကြိမ် စစ်ဆေးမှာ
ဖြစ်ကြောင်း တာဝန်ရှိသူရဲ့ ပြောကြားချက်အရ သိရပါသည်။ ဘတ်စ်ကားများနဲ့ ပက်သက်လို့လဲ
ရဲတပ်ဖွဲ့ဝင်များအနေနဲ့ ဘတ်စ်ကားကုမ္ပဏီများကို လုံခြုံမှုတိုးမြှင့်စေဖို့ ယာယီရပ်နားရာများမှာ
စစ်ဆေးဖို့ အသိပေးထားကြောင်း သိရပါသည်။ လုံခြုံရေးအရ စစ်ဆေးမှုကို ငြင်းဆန်သူ ခရီးသည်များကိုတော့
ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းနိုင်ခွင့် ရှိကြောင်းနဲ့ ယခုနှစ်အတွင်း ခရီးသည်ဦးရေ
(၁၂၀)ခန့် ဟာ ဘူတာသို့ အန္တာရယ်ရှိ လက်နက်များ သယ်ဆောင်လာလို့ ဖမ်းဆီးထားခဲ့ရပြီး လုံခြုံရေးစစ်ဆေးမှုကို
ငြင်းဆန်သူ(၃၀)ခန့်ကိုလည်း ရဲတပ်ဖွဲ့က အရေးယူထားပြီးဖြစ်ကြောင်း သိရပါသည်။
No comments:
Post a Comment