Wednesday, July 30, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် US-ASEAN Business Council (USABC) ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ




ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် US-ASEAN Business Council (USABC)  ဥက္ကဋ္ဌ Mr. Alexander C.Feldman ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဒီကနေ့ ဇူလိုင်လ (၃၀)ရက် နံနက် (၁၁)နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်နေမှုများ၊ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်မည့် အခြေအနေ၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်း၊ ဦးဇေယျာအောင်၊ ဦးမောင်မြင့်၊ ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဧည့်သည်တော် အဖွဲ့တွင် မြန်မာနိုင်ငံ၌ လျှပ်စစ်မီးရရှိရေး၊ ရေနံသဘာဝ ဓါတ်ငွေ့ ထုတ်လုပ်ရေး၊ ရေကောင်း ရေသန့်ရရှိရေး၊ မော်တော်ယာဉ်နှင့် အင်ဂျင်တင်သွင်း ထုတ်လုပ်ရေး၊ သီးနှံစိုက်ပျိုး ထုတ်လုပ်ရေး စသည့် လုပ်ငန်း ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံ လျက်ရှိသော ကုမ္ပဏီ အကြီးအကဲများနှင့် အမေရိကန် အခြေစိုက် ကုမ္ပဏီကြီးများမှ ဒေသဆိုင်ရာ တာဝန်ရှိသူများ ပါရှိကြောင်း သိရှိရသည်။

No comments:

Post a Comment