ပဲခူးတိုင်းဒေသကြီး
ညောင်လေးပင်မြို့နယ် အတွင်းရှိ မိဘပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရန်နှင့် ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်းများ စနစ်တကျ သိရှိပြီး လိုက်နာဆောင်ရွက် တတ်စေရန် ရည်ရွယ်၍ ညောင်လေးပင်မြို့နယ်
ရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲနှင့်
ညောင်လေးပင်မြို့နယ် စေတနာ လူမှုကူညီရေး အသင်းမှ လှူဒါန်းသော ဆိုင်ကယ်ဦးထုပ်များ ပေးအပ်ခြင်း
အခမ်းအနားကို ဩဂုတ်လ (၁)ရက် နံနက်က ညောင်လေးပင်မြို့နယ် မြို့မ(၁)ရပ်ကွက် အာဇာနည်လမ်းရှိ သီရိရတနာ ခန်းမ၌ ကျင်းပခဲ့ရာ ညောင်လေးပင်မြို့နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင် က အဖွင့်အမှာစကား ပြောကြားပြီး ညောင်လေးပင်မြို့နယ် စေတနာ
လူမှုကူညီရေးအသင်း ဥက္ကဌ ဦးသန်းအေး က ဆိုင်ကယ်ဦးထုပ်များ လှူဒါန်းရခြင်းနှင့် ပတ်သက်၍
ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပါသည်။ အဲဒီနောက် ပဲခူးတိုင်းဒေသကြီး အမှတ်(၃)ယာဉ်ထိန်း
ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတပ်ဖွဲ့ခွဲမှူး၊ ရဲမှူးထိန်ဝင်း က ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်
ပတ်သက်၍ လက်တွေ့ ရှင်းလင်း ဟောပြောပြီး လက်ကမ်း စာစောင်များဖြင့် ဖြန့်ဝေခဲ့ကြပါသည်။
ဆက်လက်ပြီး ဆိုင်ကယ် ဦးထုပ်များအား ဆိုင်ကယ်မောင်းနှင် သူများအား အသီးသီး ပေးအပ်ခဲ့ကြပါသည်။
No comments:
Post a Comment