Saturday, August 2, 2014

ကျောက်ဖျာလေး ကျေးရွာ ကျောင်းစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး အသိပညာပေး ဟောပြောပွဲ

လပွတ္တာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကျောင်းစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး အသိပညာပေး ဟောပြောပွဲကို ကျောက်ဖျာလေး ကျေးရွာအုပ်စု၊ ကျောက်ဖျာလေး မူလတန်းလွန်ကျောင်း၌ ဇူလိုင်လ (၃၀)ရက်နေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။ အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဦးတင်မောင်ဦး က ရည်မှန်းချက်ရှိရမည် ခေါင်းစဉ်ဖြင့် ဟောပြောသည်။ အဲဒီနောက် ခရိုင်ဦးစီးအရာရှိ ဦးတင်မောင်ဦးက ကျောင်းစာကြည့်တိုက် များအတွက် စာအုပ်၊ စာစောင်များ ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ပြသထားသော နံရံကပ်စာစောင်များ၊ ဓါတ်ပုံပြခန်းများအား စိတ်ဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment