မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း၊ ဒုတိယရဲအုပ်လောင်း သင်တန်း အမှတ်စဉ် (၇၅/၂၀၁၃)
ရဲသီဟတပ်ခွဲ သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ်လ (၁)ရက် နံနက်က မန္တလေးတိုင်း
ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး) ဗဟိုခန်းမ၌
ကျင်းပရာ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ရဲမှူးကြီး မိုးမောင်သန်း က
အမှာစကား ပြောကြားခဲ့ပြီး အကောင်းဆုံး တပ်စိတ်ချေမှုန်းရေး ဆုရ တပ်စိတ်(၂၀)နှင့် ရဲကျင့်ဝတ်
ဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း (ဝဏ္ဏ)တို့ကို ဆုချီးမြှင့်ကာ သင်တန်းသား (၃၁၆)ဦးအား
သင်တန်းဆင်း လက်မှတ်နှင့် ရာထူးခန့်အပ်လွှာများ အပ်နှင်းခဲ့သည်။
No comments:
Post a Comment