Saturday, August 2, 2014

မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေစာရင်း မှတ်တမ်းများ ပြုစုရေးသွင်းခြင်း ဆင့်ပွားသင်တန်းပို့ချ

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေစာရင်း မှတ်တမ်းများ ပြုစုရေးသွင်းခြင်း ဆင့်ပွားသင်တန်း ဖွင့်ပွဲအား ဇူလိုင်လ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် လပွတ္တာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင်း ကျင်းပရာ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မျိုးမှ မြစိမ်းရောင် စီမံကိန်းနှင့် သက်ဆိုင်သည့် ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်း သတ်မှတ်ချက်များ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေစာရင်း ဖြည့်သွင်းမှတ်တမ်း ရေးသွင်းခြင်း၊ ဆင်ပွားသင်တန်းအား မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နည်းပြဝန်ထမ်းများမှ သင်ကြားပို့ချခဲ့ပြီး တက်ရောက်လာသည့် သင်တန်းသား/ သူများမှ သိလိုသည့် ကိစ္စများအား အပြန်အလှန် မေးမြန်းရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

No comments:

Post a Comment