ဇူလိုင်လ
(၃၁)ရက် ည (၇)နာရီတွင် စက်ယန္တရားများ တင်ဆောင်လာပြီး ရန်ကုန်-ကျောက်ဖြူ ကားလမ်းမကြီးပေါ်ရှိ
တောင်ကုန်-မအီလမ်းပိုင်း တံတားအမှတ် (၁/၃၇) ကောက်ရိုးတမာ သံဘောင်ဘေလီ သစ်သားတံတားပေါ်သို့
ယာဉ်မောင်း ကျော်ဇင်ဦး မောင်းနှင်လာသည့် ဟွန်ဒိုင်း အမျိုးအစား ဆယ်ဘီးယာဉ်သည် ဖြတ်သန်းစဉ်
တံတားကျိုးကျကာ ယာဉ်နှင့် စက်ယန္တရားမှာ ချောင်းအတွင်း ပြုတ်ကျခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တံတားမှာ ပေ(၁၂၀)ရှည်ကာ တံတား၏ ခံနိုင်ဝန်မှာ ယာဉ်နှင့်ကုန် (၁၃)တန်သာရှိကြောင်း
သိရှိရပြီး တံတားကျိုးကျမှုကြောင့် ရန်ကုန်-ကျောက်ဖြူ မော်တော်ယာဉ်လိုင်း၊ ရန်ကုန်-ရမ်းဗြဲ
မော်တော်ယာဉ်လိုင်း၊ တောင်ကုတ်-အမ်း မော်တော်ယာဉ်လိုင်းနှင့် တောင်ကုန်-မအီ မော်တော်ယာဉ်လိုင်းများမှ
ယာဉ်များနှင့် ခရီးသည်များ အခက်အခဲ ကြုံတွေ့ခဲ့ကြရပြီး အဆိုပါ တံတားကျိုးသည့် နေရာမှာ
ကျောက်ဖြူမြို့နှင့် မိုင်(၈၀)ခန့် ဝေးကွာကြောင်း သိရှိရသည်။ ရန်ကုန်-ကျောက်ဖြူ ခရီးသည်
ယာဉ်လိုင်းများ အနေဖြင့် ခရီးသည်များ အဆင်ပြေ ချောမွေ့စေရန် ချောင်းတစ်ဘက်ရှိ အခြားယာဉ်တစ်စီးဖြင့်
ခရီးဆုံးသည်အထိ ရောက်ရှိစေရန် စီစဉ်ဆောင်ရွက် ပေးလျက်ရှိပြီး အဆိုပါ တံတားကို ပြည်သူ့
ဆောက်လုပ်ရေး လုပ်ငန်းမှ ပြင်ဆင် ဆောင်ရွက်လျက် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment