Saturday, August 2, 2014

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) မှကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ (FAO) မှ ဌာနကိုယ်စားလှယ်နှင့် အမေရိကန် နိုင်ငံအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) မှ ဒါရိုက်တို့နှင့် တွေ့ဆုံ

လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ဩဂုတ်လ (၁)ရက် နံနက် (၁၀)နာရီတွင် ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ  (JICA)  မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ် ယာမာဇာကီ ဦးဆောင်သော အဖွဲ့ဝင်(၅)ဦးပါ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးရာ၌ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တောင်သူ လယ်သမားများအား အမေရိကန် ဒေါ်လာ(၅)သန်းနှင့် ညီမျှသော နည်းပညာ အကူအညီများကို (၅)နှစ်စီမံကိန်းဖြင့် အကူအညီပေးရန် (JICA) မှ လာရောက် ကမ်းလှမ်းခဲ့ပါသည်။ 

No comments:

Post a Comment