တနင်္သာရီတိုင်း
ဒေသကြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ
(၁)ရက် နံနက်မှာ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ Edu Park ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး၊
လူမှုရေးဝန်ကြီး ဒေါက်တာဝင်းအောင် က တနင်္သာရီတိုင်း ဒေသကြီး အတွင်း နေထိုင်လျက်ရှိကြသော
ကလေးသူငယ်များ၏ ပကတိ အခြေအနေကို အမြဲမပြတ်သိရှိစေရန်၊ ကလေးသူငယ် အခွင့်အရေးများ အပြည့်အဝ
ရရှိခံစားစေရန်၊ ကလေးသူငယ် ဖွံ့ဖြိုးရေးနှင့် အကာအကွယ်ပေးရေး လုပ်ငန်း သက်ဝင်လှုပ်ရှား
လာစေရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ပေးကြရန်လိုကြောင်း
ပြောကြားသည်။
No comments:
Post a Comment