မန္တလေးတိုင်း
ဒေသကြီး ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက် ရပ်မိ/ရပ်ဖ ကော်မတီများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ
ဦးဆောင်မှုဖြင့် (၂၈)ကြိမ်မြောက် ကူညီထောက်ပံ့ရန် လိုအပ်သော ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံး စာရေးကိရိယာ
ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားကို ဩဂုတ်လ (၁)ရက် နံနက် (၉)နာရီတွင် အမှတ်(၇) အခြေခံပညာ
အထက်တန်းကျောင်း အမှတ်(၁)၊ အမှတ်(၃)၊ အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်းများတွင် ထောက်ပံ့လှူဒါန်းပွဲ
ကျင်းပသည်။ ရှေးဦးစွာ ကျောင်းသုံး စာရေးကိရိယာများ ဖြစ်ကြသော ဗလာစာအုပ် (၁)ဒါဇင်၊ ကွန်ပါဘူး၊
ပေတံ၊ ခဲတံ၊ ဖေါင်တိန်၊ ဘောပန်၊ ကော်ရင်ရှင်ပန်များကို ကျောင်းသား ကျောင်းသူများအား
ပေးအပ်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်နှင့် တာဝန်ရှိသူ အသီးသီးတို့က
ကျောင်း(၄)ကျောင်းရှိ ကူညီထောက်ပံ့ရန် လိုအပ်သော ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်
လှူဒါန်းခဲ့ကြသည်။ အဆိုပါ စာရေးကိရိယာ ထောက်ပံ့ လှူဒါန်းပွဲမှာ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်
အတွင်း အထက(၇) ကျောင်းသား ကျောင်းသူ (၂၃၀)ဦး (အထက်တန်း၊ အလယ်တန်း) အဆင့်/ အမက(၁)၊ အမက(၃)၊
အမက(၄) ကျောင်းသား ကျောင်းသူ (၂၇၀)ဦး (မူလတန်းအဆင့်)၊ စုစုပေါင်း (၅၀ဝ)ဦးဖြစ်ပြီး တန်ဘိုးငွေကျပ်
(၁၅)သိန်း(၅)သောင်းကျပ် စုစုပေါင်း (၄၇)သိန်း (၅)သောင်းကျပ် ပံ့ပိုးကူညီ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း
သိရသည်။
No comments:
Post a Comment