ရှမ်းပြည်နယ်မြောက်ပိုင်း ပင်လောင်းမြို့နယ်မှာရှိသည့် အထက်ပေါင်းလောင်း
ရေအားလျှပ်စစ်စီမံကိန်းကို ဒီနှစ် နှစ်ကုန် ပိုင်းကနေစပြီး လျှပ်စစ်ဓါတ်အားထုတ်လုပ်သွားတော့မှာဖြစ်ကြောင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးမော်သာထွေးကပြောပါသည်။ ၇၀မဂ္ဂါဝပ်ထုပ်လုပ်နိုင်အားရှိသည့်
တာဘိုင် ၂လုံးကနေ စုစုပေါင်း ၁၄၀ မဂ္ဂါဝပ်အထိ ထုပ်လုပ်သွားမှာဖြစ်ပြီး လာမည့် စက်တင်ဘာလဆန်းမှာ
ပထမတာဘိုင်ကိုစတင်လည်ပတ်မှာဖြစ်ပါသည်။ ထိုနောက် နိုဝင်ဘာလဆန်းပိုင်းမှာ ဒုတိယတာဘိုင်ကိုဆက်လက်လည်ပတ်ပြီး
ဓါတ်အားထုတ်လုပ်သွားမှာဖြစ်ပါသည်။ အထက် ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းကနေရရှိလာလတဲ့
လျှပ်စစ်ဓါတ်အားကို မြန်မာနိုင်ငံ မဟာဓါတ်အားလိုင်း ကနေ တဆင့် နိုင်ငံအနှံ့ကို ဓါတ်အားဖြန့်ဖြူးပေးသွားမယ်လို့
ဒုတိယ၀န်ကြီးကပြောပါသည်။
No comments:
Post a Comment