မြန်မာနိုင်ငံ၏ ပြီးခဲ့သည့် ၇နှစ်အတွင်း ကျောက်မျက်ရတနာရောင်းချရမှုဝင်ငွေက
ယူရို ၁၃ဘီလီယံကျော်ရှိခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင် ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏
ဥက္ကဌဟောင်းဖြစ်သူ ဦးတေဇက သြဂုတ်လ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့သည့် အသင်း အမှုဆောင်ရွေးချယ်ပွဲမှာ
ယခုလိုပြောခဲ့တာဖြစ်ပါသည်။ လွန်ခဲ့သည့် ၁၉၆၄ခုနှစ်ကနေ ၂၀၀၇ ခုနှစ် အထိ နှစ်ပေါင်း ၄၀ကျော်ကာလ အတွင်းပြုလုပ်ခဲ့သည့်
ကျောက်မျက်အရောင်းအ၀ယ်စုစုပေါင်းက ယူရိုငွေ ၂ဘီလီယံ တောင်မရှိခဲ့ပဲ ၂၀၀၇ခုနှစ်နောက်ပိုင်းကနေ
ယခုချိန်ထိ ၇နှစ်အတွင်းမှာ ရောင်းဝယ်မှုပိုများလာပြီး ၁၃ဘီလီယံကျော်ခဲ့ တာဖြစ်ပါသည်။
ဒါကကျောက်မျက်အသင်း၏ ဆောင်ရွက် မှုအောင်မြင်ခဲ့တာဖြစ်တယ်လို့လည်း ဦးတေဇကပြောခဲ့ပါသည်။
မြန်မာနိုင်ငံမှာရေနံနဲ့ဓါတ်ငွေ့လုပ်ငန်းပြီးရင် ကျောက်မျက်လုပ်ငန်း က ဒုတိယအရေးအကြီးဆုံးဖြစ်ပြီး
စုစုပေါင်းပြည်တွင်း ထုတ်ကုန်တန်ဖိုးဂျီဒီပီ၏ ဒုတိယနေရာမှာရပ်တည်နေကြောင်း သိရှိရပါ သည်။
No comments:
Post a Comment