တနင်္သာရီတိုင်း
ဒေသကြီး၊ တနင်္သာရီမြို့နယ် သမဝါယမ အသင်းစုမှ (၂၀၁၂-၂၀၁၃) ဘဏ္ဍာရေးနှစ်နှင့် (၂၀၁၃-၂၀၁၄)
ဘဏ္ဍာရေးနှစ်များ အတွက် သင်းလုံးကျွတ် နှစ်ပတ်လည် ညှိနှိုင်းအစည်းအဝေး နှင့် အမှုဆောင်
အစားထိုး ရွေးချယ်ခြင်း အခမ်းအနားကို တနင်္သာရီမြို့နယ် သမဝါယမ ဦးစီးဌာန ရုံးခန်းတွင်
ဩဂုတ်လ (၂၈)ရက်နေ့ နံနက်က ကျင်းပရာ ရှေးဦးစွာ မြို့နယ်သမဝါယမ အသင်းစု ဥက္ကဋ္ဌနှင့် မြို့နယ်
သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိတို့က အသင်းလုံးကျွတ် နှစ်ပတ်လည် ညှိနှိုင်း အစည်းအဝေး ကျင်းပရခြင်း
လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားပါတယ်။ အဲဒီနောက် သမဝါယမဦးစီးဌာန ဦးစီးမှူးမှ (၂၀၁၂-၂၀၁၃)နှစ်နှင့်
(၂၀၁၃-၂၀၁၄)ဘဏ္ဍာရေး နှစ်များအတွက် ငွေစာရင်း ရှင်းတမ်းအား ရှင်းလင်းဖတ်ကြား အတည်ပြုခြင်း၊
မြို့နယ် သမဝါယမ အသင်းစုတွင် လစ်လပ်လျက်ရှိသော အမှုဆောင် နှစ်နေရာအတွက် အမှုဆောင် အစားထိုးရွေးချယ်ပြီး
အတည်ပြုချက် ရယူပါသည်။ ဆက်လက်ပြီး ရှေ့လုပ်ငန်းစဉ်များအပေါ် ညှိနှိုင်းဆွေးနွေး သဘောတူချက်
ရယူခဲ့ပါသည်။
No comments:
Post a Comment