Saturday, August 30, 2014

မြိတ်မြို့တွင် ပြည်သူများအား အခမဲ့ ကွင်းဆင်းဆေးကုသပေး




ပြည်သူများ ကျန်းမာရေး အစဉ်ကောင်းမွန်စေရေး အတွက် မြိတ်မြို့ သံသရာအေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်မှ ကြီးမှူး၍ မြိတ်ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ရဲ့ ပံ့ပိုးကူညီမှုဖြင့် မြိတ် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်း  ဦးဆောင်သော သမားတော်ကြီး၊ အထူးကု ဆရာဝန်ကြီးများ၊ ဆရာဝန်များ သူနာပြု များမှ (၃၂)ကြိမ်မြောက် ပြည်သူများအား အခမဲ့ ကွင်းဆင်း ဆေးကုသခြင်းကို ဩဂုတ်လ (၂၉)ရက်နေ့ နေ့လည်(၁)နာရီတွင် မြိတ်တောင်ကျေးရွာ အင်းလေးကမ်းရပ် အောင်သုခ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ ကွင်းဆင်းဆေးကုသ အဖွဲ့သည် အင်းလေးကမ်းရပ်နှင့် အနီးအနားရှိ ရပ်ကွက်များမှ ပြည်သူ(၂၃၃)ဦးအား အထွေထွေ ရောဂါကု သမားတော်၊ ခွဲစိတ်အထူးကု ဆရာဝန်ကြီး၊ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး၊ သွားအထူးကု ဆရာဝန်ကြီး၊ ကလေးအထူးကု ဆရာဝန်ကြီးနှင့် သူနာပြုများက ပြည်သူများ၏ ကျန်းမာရေး စစ်ဆေးပေးပြီး အခမဲ့ ဆေးကုသ ပေးခဲ့ကြသည်။

No comments:

Post a Comment