ရန်ကုန်တိုင်း
ဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူးကျင်းပသော နိုင်ငံတော်၏
ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်အဟုန်မြှင့်တင်မှု အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး
သင်တန်းကို ကျောက်တံတားမြို့နယ် (၂၂-၂၄) ပန်းဆိုးတန်းလမ်းရှိ ပညာအလင်း ခေတ်မှီစာကြည့်တိုက်မှာ
ဩဂုတ်လ(၃၀) ရက် နံနက်က ဖွင့်လှစ်ခဲ့ပါတယ်။ အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်က အဖွင့်အမှာစကား ပြောကြားပါသည်။ အဲဒီနောက်
တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက
သင်တန်းဖွင့်လှစ်ရခြင်းနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ပါတယ်။ သင်တန်းတွင် ရန်ကုန်တိုင်း
ဒေသကြီး ဒုတိယ ညွှန်ကြားရေးမှူးနှင့် မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန လက်ထောက် ညွှန်ကြားရေးမှူးတို့က
(ွှ့ငမွျှိလေန) နှင့် ပတ်သက်၍ လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ရာတွင် လုပ်ဆောင်ရန်
အချက်များ၊ ပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် ဝန်ထမ်းများ သိရှိကျင့်ကြံ ဆောင်ရွက်ရမည်တို့ကို
ထပ်ဆင့် ရှင်းလင်းပို့ချသွားမှာ ဖြစ်ပါတယ်။ သင်တန်းသို့ ရန်ကုန်တိုင်း ဒေသကြီး ခရိုင်(၄)ခရိုင်မှ
သင်တန်းသား (၆၅)ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ဩဂုတ်လ (၃၁)ရက်နေ့အထိ ဖွင့်လှစ်သွားမယ်လို့
သိရပါသည်။
No comments:
Post a Comment