Saturday, August 30, 2014

ဆန်ဒီယေးဂိုးရှိ ဆာဖာရီဥယျာဉ်တွင် အသက်(၅)လအရွယ် လူဝံပေါက်လေး လူဝံများရဲ့ စရိုက်များကို စတင်သင်ယူ

အမေရိကန်နိုင်ငံ ဆန်ဒီယေးဂိုးရှိ ဆာဖာရီဥယျာဉ်မှာ အသက်(၅)လအရွယ် ဂျိုအန်နီအမည်ရ လူဝံပေါက်လေးဟာ အရွယ်ရလာပြီ ဖြစ်တာကြောင့် လူဝံများရဲ့ စရိုက်များကို စတင်သင်ယူ နေပြီဖြစ်ပါသည်။ ယခင်ကတော့ အမေလုပ်သူရဲ့ ကျောပေါ်မှာ တစ်ချိန်လုံးတွယ်ကပ် နေတဲ့အတွက် လူဝံမကြီးခမျာ အစာစားဖို့တောင် အခက်တွေ့ နေရပါသည်။ ယခုအခါ အမြင့်တက်ခြင်း၊ ထိုင်ခြင်းနဲ့ တွားသွားခြင်းများကို သင်ယူလျှက်ရှိကာ၊ အသီးနဲ့ ဟင်းရွက်များစွာထဲက ဂေါ်ဖီထုတ်နှင့် စပျစ်သီးတို့ဟာ လူဝံပေါက်လေးရဲ့ အကြိုက်ဆုံး အစားအစာများ ဖြစ်လာခဲ့ပြီး မိခင်ရဲ့စားသောက် ပြုမှုနေထိုင်ပုံကို အတုယူလိုက် လုပ်တတ်နေပြီဖြစ်လို့ အံ့ဩဝမ်းသာရကြောင်း တိရစ္ဆာန်ကာကွယ် ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့က ပြောကြားခဲ့ပါသည်။ ဒါပေမဲ့လို့ ဒီလူဝံပေါက်လေးကို မတ်လက ဗိုက်ခွဲမွေးခဲ့ရပြီး အဆုတ်ယောင် ရောဂါရှိနေ တဲ့အတွက် ဆေးရုံမှာ သွားရောက်ကုသ ခံခဲ့ရသေးကြောင်း သိရပါသည်။ ဂျိုအန်နီဟာ ဆန်ဒီယေးဂိုး ဆာဖာရီ ဥယျာဉ်ရဲ့ (၁၇)ကောင်မြောက် မွေးဖွားတဲ့ လူဝံဖြစ်ပြီး ကျန်လူဝံများနဲ့ မကြာခင်မှာ အတူတကွ ပုံမှန်နေထိုင် နိုင်တော့မှာလဲ ဖြစ်ပါသည်။ ဆန်ဒီယေးဂိုး တိရစ္ဆာန်ရုံဟာ ဂဘာ့တိုက်ကြီး (၆)တိုက်မှ အစီအစဉ် များအတွက် တိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက် လေ့လာလျက် ရှိတာဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment