Saturday, August 30, 2014

ပါပူဝါ နယူးဂီနီရှိ မီးတောင် ပေါက်ကွဲ

မနေ့က ပါပူဝါ နယူးဂီနီရှိ မီးတောင် ပေါက်ကွဲခဲ့ပြီး၊ မီးခိုးနဲ့ ပြာပူများကို တောင်ပစိဖိတ် ကျွန်းနိုင်ငံအနှံ့ ပျံနှံစေခဲ့တဲ့အတွက် လေကြောင်း ခရီးစဉ်များကို ပျံသန်းရာမျာ သတိထားဖို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါသည်။ နယူးဗြိတိန်ကျွန်း အရှေ့ဘက် ရာဘောလ်ရှိ တာဗာဗာတောင်မှာ မနက်ခင်း ကတည်းက ပေါက်ကွဲနေတာကြောင့် ကန်းတက်စ် လေကြောင်းလိုင်းဟာ ယခင်ပျံသန်းနေကျ လမ်းကြောင်းမှ ဖယ်ခွာပြီး ရှောင်ကွင်းကာ ပျံသန်းနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment