ဒီကနေ့ မြန်မာစံတော်ချိန်
ညနေ(၃)နာရီအချိန်တွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုသတိပေးချက်ကို
ထုတ်ပြန်ပါသည်။ ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ(၂)နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည်
ကလေးဝမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၃၄)စင်တီမီတာ (၁ပေခန့်)တွင် ရောက်ရှိနေပါသည်။
အဆိုပါမြစ်ရေသည် နောက် (၄၈)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
No comments:
Post a Comment