Saturday, August 30, 2014

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဗဟိုအဆင့်စံပြရဲ စာမေးပွဲကျင်းပ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် တပ်ဖွဲ့ဝင် အဆင့်အတန်း အားလုံး စွမ်းရည် (၄)ရပ် မြင့်မားစေရန် စိတ်ဓာတ်မြင့်မားမှု စည်းကမ်း ကောင်းမွန်မှု သစ္စာရှိမှု စွမ်းရည်ပြည့်ဝမှု တို့တွင် စံ ပြုနိုင်ရေးကို ရည်မှန်းချက် ထားလျှက် စံပြရဲ စိစစ်ရွေးချယ်၍ ဆုချီးမြှင့်ခြင်း အစီအစဉ်များကို နှစ်စဉ် ကျင်းပခဲ့ရာ ၂၀၁၄ ခုနှစ်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဗဟိုအဆင့် စံပြရဲ ရေးဖြေ စာမေးပွဲကို ယနေ့နံနက် (၉)နာရီက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ အရိန္ဒမာ ခန်းမတွင် ပြုလုပ်ပါသည်။ အဆိုပါ စာမေးပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် တိုင်းဒေသကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရဲလေ့ကျင့်ရေး ကျောင်းများ၊ သီးခြား သတ်မှတ် ထားသော တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့များမှ ရဲအုပ်၊ ဒုတိယရဲအုပ်၊ ရဲအရာခံ၊ ရဲတပ်ကြပ်ကြီး၊ ရဲတပ်ကြပ်၊ ရဲဒုတပ်ကြပ်၊ ရဲတပ်သားအဆင့် တပ်ဖွဲ့ဝင် (၁၆၀)တို့ ဝင်ရောက် ဖြေဆိုကြပါသည်။ အဆိုပါ စာမေးပွဲ ကျင်းပရာသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်းနှင့် ရဲတပ်ဖွဲ့မှ  တာဝန်ရှိသူများ အရာရှိများက လာရောက် ကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။ နှစ်စဉ်စံပြရဲ ရွေးချယ်ရာတွင် စာတွေ့ စစ်ဆေးခြင်း လက်တွေ့ကြံ့ခိုင်ရေး စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်းများ အဆင့်ဆင့် ပြုလုပ် ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရပါသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သမရိုးကျ ရဲလုပ်ငန်းစနစ်မှ ပြည်သူဗဟိုပြုသည့်  ရဲလုပ်ငန်းသို့ ကူးပြောင်း အကောင်အထည် ဖော်ရန် ကြိုးပမ်း ဆောင်ရွက်နေမှုတွင် စံပြရဲ စိစစ် ရွေးချယ်ခြင်းသည် အရေးပါသော လှုပ်ရှားမှုတစ်ခု ဖြစ်တယ်လို့ သိရပါသည်။


No comments:

Post a Comment