တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့
အဓိကရုဏ်းနှိမ်နင်းရေးသုံး လက်နက်ခဲယမ်း ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်း
ဆင်းပွဲကို ဩဂုတ်လ (၂၉) ရက်နေ့က တနင်္သာရီးတိုင်း ဒေသကြီး ထားဝယ်မြို့ တိုင်းအားကစားကွင်းတွင်
ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို နှင့်တာဝန်ရှိသူများက အဓိကရုဏ်း နှိမ်နင်းရေးသုံး
လက်နက် ခဲယမ်း ပစ္စည်းများကို ကြည့်ရှုစစ်ဆေးသည်။ သင်တန်းကို ရက်သတ္တပတ် (၂) ပတ်ကြာ ဖွင့်လှစ်ပြီး
ပဲခူးတိုင်း ဒေသကြီး ပြည်မြို့ရှိ အမှတ် (၂) ဝက်ထီးကန် သင်တန်းကျောင်းမှ သင်တန်းနည်းပြ
(၅) ဦးမှ သင်တန်းပို့ချပြီး (ထားဝယ်/မြိတ်/ကော့သောင်း) ခရိုင် အတွင်းရှိ ရဲတပ်ဖွဲ့ဝင်
အရာရှိအဆင့် (၁၄) ဦးနှင့် အခြားအဆင့် (၈၆) ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment