Saturday, August 30, 2014

အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေး ပညာပေးဆွေးနွေးပွဲ ကျင်းပ

ဩဂုတ်လ (၂၈) ရက်နေ့တွင် မြန်မာပြည်သာမက ကမ္ဘာကျော်သည့် အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေး ပညာပေး ဆွေးနွေးပွဲ တစ်ရပ်ကို ကေလာကျေးရွာတွင် ကျင်းပခဲ့ရာ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က အမှာစကား ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်မှုများ၊ တီမွေးမြူရေး နည်းလမ်းများ၊ မျိုးစေ့ဆိုင်ရာ အချက်အလက်များနှင့် မျိုးစေ့ဥပဒေများ၊ သဘာဝပိုးသတ်ဆေး၊ သဘာဝမှိုသတ်ဆေးများ တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရေး နည်းလမ်းများတို့ကို ရှင်းလင်းပြသခဲ့ပြီး တက်ရောက်လာသူများရဲ့ သိရှိလိုသည်များ၊ မေးမြန်းချက်များကို ပြန်လည်ဖြေကြား ပေးခဲ့ပါတယ်။ အဲ့ဒီနောက် အင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးဝင်းမြင့်မှ သဘာဝပစ္စည်းသုံး ကျွန်းမျှော ခရမ်းချဉ် စံပြစိုက်ခင်း များအတွက် ထောက်ပံ့ပစ္စည်းများ ပြည်သူလွတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်မှ စိုက်နည်းစနစ် မှန်ကုန်ရေး၊ စံပြစိုက်ခင်းအတွက် ထောက်ပံ့ပစ္စည်းများ အသင့်ပြုလုပ်ပြီး တီမွေးပလက်စတစ်ပုံးများကို ဒုတိယပြည်နယ် ဦးစီးမှူး ဦးတိုးဝေနှင့် တာဝန်ရှိသူများမှ ပေးအပ်ခဲ့ပါတယ်။ အင်းလေးကန်အတွင်း ပိုးသတ်ဆေးရည်များ သုံးစွဲမှုကြောင့် ရေအရည်အသွေးများ ကျဆင်းလာသဖြင့် အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ ပိုးသတ်ဆေးများ အလွန်အကျွံ သုံးစွဲခြင်း၏ ဆိုးကျိုးများ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုအထွက်နှုန်း  တိုးတက်စေရန် အသုံးပြုသင့်သည့် အချက်များ၊ သဘာဝမြေဩဇာ ပြုလုပ်နည်းနှင့် ပတ်ဝန်းကျင်အပေါ် အကျိုးရှိပုံ၊ သီးနှံများပေါ်တွင် ပိုးမွားများအား ကာကွယ်နိုင်သည့် နည်းလမ်းများ၊ တီကောင်မွေးမြူရေး လုပ်ငန်းများကို ပညာပေး ဆွေူနွေးခဲ့ပြီး တောင်သူများအတွက် တမာကြိတ်ဖတ် ၊ လင်းနို့ချေး ၊တမာဆီ၊ ရွက်စိမ်း အီအမ်-၅ တီဆေးရည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

No comments:

Post a Comment