Saturday, August 30, 2014

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေယိုးမြို့ နိုင်ငံတကာ လေဆိပ်တွင် ဆိုက်ရောက်လာသူ အီဘိုလာ ဝေဒနာရှင်တစ်ဦး တွေ့ရှိသည့်အလား အကြိုလေ့ကျင့်မှုတစ်ရပ်ကို ပြုလုပ်ခဲ့



ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေယိုးမြို့ နိုင်ငံတကာ လေဆိပ်တွင် ဆိုက်ရောက်လာသူ အီဘိုလာ ဝေဒနာရှင်တစ်ဦး တွေ့ရှိသည့်အလား အကြိုလေ့ကျင့်မှု တစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း အဆိုပါ လေ့ကျင့်မှုတွင် မျက်နှာဖုံး၊ လက်အိတ်၊ အကာအကွယ် ဝတ်စုံများ ဝတ်ဆင်ထားသည့် ကယ်ဆယ်ရေး လုပ်သားများ ပါဝင်လေ့ကျင့် ခဲ့ကြကာ ၄င်းသည်လေ့ကျင့်မှု တစ်ခုဆိုသော်လည်း အရေးပေါ် အခြေအနေ ကြုံခဲ့ရင် အကောင်းဆုံး ပြင်ဆင်နိုင်ရန် အခွင့်အရေး တစ်ရပ်လည်း ဖြစ်ပါသည်။ လေယာဉ်ပေါ် ပါရှိလာပါက ကူးစက်ခံ ခရီးသည်အား လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်တစ်ခု ပေးနိုင်ရန်အတွက် ဆရာဝန်များလည်း ပါဝင်လေ့ကျင့်ခဲ့ကြပါသည်။ အနောက် အာဖရိကမှာ အီဘိုလာ ဖြစ်ပွားမှု အရေးပေါ် အခြေအနေ ကြေငြာထားပြီး စာရင်းများအရ လူပေါင်း(၁၄၀ဝ) သေဆုံးခဲ့ပြီ ဖြစ်ပါသည်။ အဆိုးဆုံး အခြေအနေ ရောက်မလာခင် အကောင်းဆုံး အနေအထား တစ်ခုကို ကြိုတင်ပြင်ဆင် ထားခြင်းဖြစ်ကြောင်း ဘရာဇီး တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment