Saturday, August 30, 2014

ဂျပန်နိုင်ငံသို့ (၅)ရက်ကြာ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် အိန္ဒိယဝန်ကြီးချုပ်နှင့် ဂျပန်ဝန်ကြီးချုပ်တို့ တွေ့ဆုံ



ဂျပန်နိုင်ငံသို့ (၅)ရက်ကြာ ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒါမိုဒီဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် သြဂုတ်လ ၃၀ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။ မိုဒီဟာ နိုင်ငံတော် ဧည့်ဂေဟာသို့ သြဂုတ်လ ၃၀ရက်နေ့ နေ့လည်ပိုင်းတွင် ရောက်ရှိခဲ့ပြီး ခေါင်းဆောင် နှစ်ဦးဟာ ယာဉ်ကျေးမှု ဥယျာဉ်မှာ လမ်းလျောက်ရင်း နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုများ ရရှိရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ကြပါသည်။ မိုဒီနှင့် အာဘေးတို့ဟာ မနက်ဖြန်မှာ ကာကွယ်ရေး ဆိုင်ရာများနှင့် ပတ်သက်ပြီး နှစ်နိုင်ငံတာဝန် ရှိသူများနှင့် ဆွေးနွေးသွားမှာ ဖြစ်တဲ့အပြင် နှစ်နိုင်ငံ လုံခြုံရေး ဆိုင်ရာများ နျူကလီးယား ကဏ္ဍတို့နှင့် ပတ်သက်ပြီးလည်း ဆွေးနွေးသွားမှာ ဖြစ်ပါသည်။

No comments:

Post a Comment