လက်ဝှေ့လောကမှာ
ထင်ရှားလှတဲ့ မိုဟာမက် အလီဟာ (၁၉၇၁)ခုနှစ်မှာ ဂျိုးဖရေဇာနဲ့ ယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီး
ဒီပွဲကို ရာစုနှစ်ရဲ့ ယှဉ်ပြိုင်မှုလို့ လူသိများခဲ့ပါသည်။ ဒီပွဲမှာ အလီ ဝတ်ဆင်ထိုးသတ်ခဲ့တဲ့
လက်ဝှေ့လက်အိတ်များကို ကလီဗ်လဲန်းရှိ အမျိုးသား အားကစား စုဆောင်သူများ ရိုးရာ အမွေအနှစ်
လေလံပွဲမှာ လေလံတင်ရောင်းချခဲ့ကြောင်းနဲ့ အမည်မဖော်လိုသူ တစ်ဦးက အမေရိကန်ဒေါ်လာ(၃)သိန်း(၈)သောင်း
(၈)ထောင်နဲ့ လေလံဆွဲဝယ်ယူခဲ့ကြောင်း သိရပါသည်။ (၁၉၆၄)ခုနှစ်က ကမ္ဘာ့ချန်ပီယံကို ဆွတ်ခူးဖို့
ထိုးသတ်စဉ်က အလီဝတ်ဆင်ခဲ့တဲ့ လက်အိတ်များကတော့ ဒေါ်လာ(၈)သိန်း(၃)သောင်းကျော် ရရှိခဲ့ပြီး
ဖရေဇာနဲ့ အလီတို့ရဲ့ (၁၉၇၀)နှစ်များက ထိုးသတ်ခဲ့တဲ့ ပထမဦးဆုံး(၃)ပွဲဟာ လက်ဝှေ့သမိုင်းမှာ
ထင်ကျန်တဲ့ ရာစုနှစ် ဆုံစည်းမှုအဖြစ် ထင်ရှားကြောင်းသိရှိရပါသည်။
No comments:
Post a Comment