အီရတ်နိုင်ငံ မြောက်ပိုင်း အာဘေးလ်မြို့ရှိ ဘာသာရေး အကြမ်းဖက်
လက်နက်ကိုင် အိုင်အက်စ်များကို အမေရိကန်က လေကြောင်းနဲ့ ရေကြောင်းမှတစ်ဆင့် ဒုံးကျည်များနဲ့
ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး၊ အိုင်အက်စ် လက်နက်ကိုင်များဟာ ဒေသတွင်းမှာ လွှမ်းမိုးမှု ကျယ်ပြန့်လာခဲ့
တာကြောင့် ဖြစ်ပါသည်။ အာဘေးလ်နဲ့ မိုဆူးလ်ရှိ နေရာ(၂)နေရာကို အဓိကထားပြီး၊ မိုဆူးလ်ဆည်ရှိ
အိုင်အက်စ်တို့ရဲ့ ဟမ်းဗီးတစ်စီး၊ အာဘေးလ်ရှိ လက်နက်သယ် ယာဉ်တို့ကို ဖျက်ဆီးပစ်နိုင်
ခဲ့ပါသည်။ ယခုအခါ အစိုးရတပ်နဲ့ ကာ့ဒ်တပ်များကလဲ အိုင်အက်စ်တွေကို တွန်းလှန်တိုက်ခိုက်
နေကြပြီဖြစ်ကာ ဆွန်နီလက်နက် ကိုင်များဟာ ဇွန်လက မိုဆူးလ်ကို သိမ်းပြီးနောက် တစ်နိုင်ငံစလုံးကို
သိမ်းဖို့ကြံနေ တာဖြစ်ပါသည်။ ဩဂုတ်လ (၈)ရက်နေ့ကစရင် အီရတ်ကို လေကြောင်းမှ တိုက်ခိုက်ခဲ့
မှုပေါင်းဟာ (၉၆)ကြိမ်ထိ ရှိခဲ့ပြီဖြစ်ကာ (၆၂)ကြိမ်ကတော့ မိုဆူးဆည်အနီးမှာ ဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment