ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဆီးရီးယားနိုင်ငံ
အတွင်းမှာရော ပြည်ပမှာပါရှိတဲ့ ဆီးရီးယား နိုင်ငံသား တစ်ဝက်နီးပါးဟာ ဒုက္ခသည်များ ဖြစ်ကြောင်း
ပြောကြားခဲ့ပါသည်။ ၄င်းဒုက္ခသည်များ အများစုဟာ လက်ဘနွန်၊ ဂျော်ဒန်နဲ့ တူရကီတို့မှာ စစ်ပြေးဒုတ်ခသည်
များအဖြစ်ရောက်ရှိ နေကြတာဖြစ် ပါတယ်။ မနေ့က ထုတ်ပြန်ချက်အရ အိမ်နီးချင်း နိုင်ငံများမှာ
ဆီးရီးယား ဒုက္ခသည်(၃)သန်း မှတ်ပုံတင်ထားပြီ ဖြစ်ကြောင်း ကုလသမဂ္ဂမှ စာရင်းထုတ်ပြန် ခဲ့ပါသည်။
ဆီးရီးယား ဒုက္ခသည် အများဆုံးရှိတဲ့ နိုင်ငံကတော့ လက်ဘနွန် နိုင်ငံဖြစ်ပြီး၊ ဒုက္ခသည်
(၁)သန်းကျော်ရှိကာ၊ တူရကီမှာ (၈)သိန်းကျော်၊ ဂျော်ဒန်နဲ့ အီရတ်မှာ (၂)သိန်းကျော်နဲ့
အီဂျစ်နဲ့အခြား နိုင်ငံများမှာလည်း ရှိနေကြောင်း ဘေရွတ်ရှိ ယူအန်အိတ်ခ်ျစီအာမှ ဒေသဆိုင်ရာ
ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါသည်။ (၃)နှစ်ကြာ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် လူပေါင်း(၂)သိန်း
နီးပါးသေဆုံးခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါသည်။
No comments:
Post a Comment