ဒီကနေ့ မြန်မာစံတော်ချိန်
မွန်းလွဲ(၁)နာရီတွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှု အခြေအနေသတင်းကို
ထုတ်ပြန်ပါသည်။ င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် သြဂုတ်လ(၂၉)ရက်နေ့ ညနေ(၆)နာရီခွဲမှ
စပြီး စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂)နာရီအချိန် တိုင်းထွာချက်အရ
ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၄)စင်တီမီတာ (၁လက်မခွဲခန့်) ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည်
ယနေ့မွန်းတည့်မှ နောက်(၄၈)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။
No comments:
Post a Comment