Saturday, August 30, 2014

ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနကြီးမှူးပြီး ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနတို့ ကြီးမှူးပြီး ဆွမ်းဆန်တော်၊ ဆီ၊ဆား၊ဆေး ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဩဂုတ်လ (၂၉) ရက်နေ့တွင် ဘားအံမြို့ အမှတ်(၉)ရပ်ကွက် ဖားအောင်တောရ ကျောင်းမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်တော်၊ ဆီ၊ဆား၊ဆေးတို့ကို ဆက်ကပ်လှူဒါန်း ခဲ့ကြပါတယ်။ ဝါတွင်းကာလမှာ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ရဲ့ ကျန်းမာရေးနှင့် ဆွမ်း၊ဟင်းလျာများ အဆင်ပြေ ချောမွေ့စေရန်အတွက် ရည်ရွယ်ပြီး နှစ်စဉ်နှစ်တိုင်း လှူဒါန်းခြင်း ဖြစ်ပါတယ်။ တစ်ဆက်ထဲမှာပဲ ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့မှ ကြီးမှူးပြီး ဆွမ်းဆန်တော်၊ ဆီ၊ဆား၊ဆေး ဆက်ကပ်လှူဒါန်းပွဲကို အမှတ်(၃) ရပ်ကွက် ရွှေဘိုကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ ဒီသတင်းကို တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း ကရင်ပြည်နယ် ဘားအံမြို့မှ ပေးပို့တာ ဖြစ်ပါသည်။

No comments:

Post a Comment