Saturday, August 30, 2014

လွိုင်ကော်ခရိုင်အဆင့် စကားရည်လုပွဲ၊ ကျပန်း စကားပြော ပြိုင်ပွဲ၊ ကဗျာရွတ် ပြိုင်ပွဲနှင့် ၊ ပုံပြောပြိုင်ပွဲကျင်းပ




ကယားပြည်နယ် လွိုင်ကော်မြို့ ကျောင်းသား ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုး တိုးတက် လာစေရေး နှုတ်မှုစွမ်းရည် ဖော်ထုတ် ပြသနိုင်ရေး၊ ဦးတည်ချက်များဖြင့် လွိုင်ကော်ခရိုင်အဆင့် စကားရည်လုပွဲ၊ ကျပန်း စကားပြော ပြိုင်ပွဲ၊ ကဗျာရွတ် ပြိုင်ပွဲနှင့် ၊ ပုံပြောပြိုင်ပွဲကို လွိုင်ကော်မြို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း ပညာရတနာ ခန်းမမှာ ဩဂုတ်လ (၂၉)ရက်နေ့ နံနက်က ကျင်းပခဲ့ပါတယ်။ ရှေးဦးစွာ  ခရိုင် ပညာရေးမှူးက အဖွင့် အမှာစကား ပြောကြားပါတယ်။ ဆက်လက်ပြီး ခရိုင် လက်ထောက် ပညာရေးမှူးက ပြိုင်ပွဲ စည်းမျဉ်း စည်ကမ်းများကို ရှင်းလင်း ပြောကြား ခဲ့ပါတယ်။ အဆိုပါ စကားရည်လုပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကို နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ပြိုင်ပွဲတစ်ခုတွင် ပြိုင်ပွဲဝင် (၈)ဦးစီ ဝင်ရောက် ယှဉ်ပြိုင်ကြပါတယ်။ မွန်းလွဲပိုင်းတွင် ကျင်းပသော ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြော ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင် (၉)ဦးစီ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပြည်နယ်အဆင့် ဝင်ရောက် ယှဉ်ပြိုင်ရမည့် ဆုရပြိုင်ပွဲ ဝင်များအား ရွေးချယ်၍ ဆုများချီးမြှင့် ပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment