Saturday, August 30, 2014

လွိုင်ကော်မြို့တွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြည်နယ် အဆင့် ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ စာစီစာကုံး ပြိုင်ပွဲကျင်းပ




၂၀၁၄-၂၀၁၅ ပညာသင်နှစ် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြည်နယ် အဆင့် ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ စာစီစာကုံး ပြိုင်ပွဲကို ဩဂုတ်လ (၃၀)ရက်နေ့ နံနက်က လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ပန်းချီ၊ ပိုစတာ၊ ကာတွန်း ၊စာစီ စာကုံး ပြိုင်ပွဲတွင် အထက်တန်း အဆင့်/ အလယ်တန်းအဆင့်/ မူလတန်းအဆင့် ပိုင်းခြား သတ်မှတ်ပြီး လူသား အချင်းချင်း စာနာလို့ လူကုန်ကူးမှု တိုက်ဖျက်စို့ ခေါင်းစဉ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြရာ လွိုင်ကော် ၊ ဒီမောဆို မြို့နယ်ရှိ ကျောင်းသား ကျောင်းသူ (၁၇၈)ဦး ဝင်ရောင် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရပါတယ်။ အဆိုပါ ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ လူကုန်ကူမှု ပပျောက်ရေးနှင့် လူသား အချင်းချင်း စာနာထောက်ထားမှု အသိလိမ္မာ ညဏ်ပညာ တိုးတက်စေရန် ရည်ရွယ်လျှက် ပညာရေး ဌာနနှင့် (World Vision)တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

No comments:

Post a Comment