Saturday, August 30, 2014

ဒုတိယဝန်ကြီး ဦးသောင်းထိုက် အားကစားနှင့် ကာယပညာသိပ္ပံ မန္တလေးသို့ သွားရောက်၍ သင်တန်း နည်းပြများ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ

အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းထိုက်သည် ဒီကနေ့ မနက်ပိုင်းတွင် အားကစားနှင့် ကာယပညာသိပ္ပံ မန္တလေးသို့ သွားရောက်၍ သင်တန်း နည်းပြများ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံကာ အနာဂတ်တွင် အားကစား နည်းများကို ဦးစီး ဦးဆောင်နိုင်သည့် သူများဖြစ်အောင် ကြိုးစားရန်နှင့် သင်တန်း နည်းပြများ အနေဖြင့်လည်း သင်တန်းသား သင်တန်းသူများကို မိဘများသဖွယ် စောင့်ရှောက်ရန်နှင့် ဆရာ့ ကျင့်ဝတ်များနှင့် ဆီလျော်အောင် လိုက်နာ လုပ်ကိုင် ဆောင်ရွက်သွားကြရန် မှာကြားပါသည်။ အဲဒီနောက် အားကစား လေ့ကျင့်ရေးကွင်း / ရုံများသို့ လှည့်လည်ပြီး သင်တန်းသား သင်တန်းသူများ လေ့ကျင့်နေမှုများကို လှည့်လည် စစ်ဆေးပါသည်။ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) တွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အားကစားနည်း (၂၅)မျိုး လေ့ကျင့် သင်ကြားပေးပြီး သင်တန်းသား/ သင်တန်းသူ (၅၇၀)ဦးနှင့် အားကစား ပညာ တက္ကသိုလ် သင်တန်းသား သင်တန်းသူ (၅၈)ဦး စုစုပေါင်း (၆၂၈)ဦးတို့ တက်ရောက်လျှက် ရှိကြောင်း သိရပါသည်။


No comments:

Post a Comment