ဗြိတိန်နိုင်ငံဟာ အကြမ်းဖက် ခြိမ်းခြောက်ခံရမှု အဆင့်ကို ဒုတိယအမြင့်ဆုံး
အဆင့်ထိ တိုးမြှင့်လိုက်ပြီး၊ ဆီးရီးယားနဲ့ အီရတ်မှ တိုက်ခိုက်မှု အစီအစဉ်များ ရှိလာနိုင်
တဲ့အတွက် တုန့်ပြန်မှုများ လုပ်ဆောင်နိုင်ရန် ပြင်ဆင်ထားပြီ ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီး
သီရီဆာမေက ပြောကြားခဲ့ပါသည်။ ဆိုလိုချင်သည်မှာ တိုက်ခိုက် လာနိုင်မှုဟာ အမြင့်ဆုံးအဆင့်
ရှိလာနိုင်ပါသည်။ ဘယ်လိုတိုက်ခိုက်မှု ဖြစ်မယ်ဆိုတာ ကတော့ မသိရှိနိုင် သေးပါဘူး။ ဆီးရီးယားနဲ့
အီရတ်မှာ အကြမ်းဖက်တွေ အင်အား ကောင်းလာခြင်းက အနောက်နိုင်ငံ တွေအပေါ် တိုက်ခိုက်မှု အစီအစဉ်တွေ
ဆွဲဖို့လာနိုင်ကြောင်း၊ ဒါ့အပြင် ဥရောပ သားများဟာ ပဋိပက္ခ ဖြစ်ရာအရပ်များမှာ ဝင်ရောက်စစ်တိုက်
နေခြင်းကြောင့်လည်း တစ်ကြောင်း ဖြစ်ပါသည်။ အမေရိကန်သား ဂျာနယ်လစ် ဂျိမ်းစ်ဖိုးလေးကို
ဗြိတိန်သား အိုင်အက်စ်တစ်ဦးမှ သတ်ဖြတ်ခဲ့ပြီးနောက် အကြမ်းဖက် အုပ်စုများနဲ့ အရှေ့အလယ်ပိုင်းမှာ
ထပ်မံမချိတ်ဆက် မိစေရန် ဗြိတိန်သားများရဲ့ ခရီးသွားလာမှုကို ထိန်းချုပ်မှုလုပ်ကာ ဗြိတိန်နိုင်ငံ
လုံခြုံရေးအတွက် စောင့်ကြည့်တားမြစ် လုပ်ဆောင်လျက် ရှိပါသည်။ ဒါ့အပြင် အီရတ်နဲ့ ဆီးရီးယားသို့
သွားရောက်ပြီး ပြန်လာသူ အချို့ကြောင့်လဲ သတိပေးမှု အဆင့်ကို တိုးမြင့်ခဲ့ရတာ ဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment