Saturday, August 30, 2014

ယူကရိန်း ပဋိပက္ခအတွင်း စုစုပေါင်း လူပေါင်း (၂၅၉၃)ဦး သေဆုံး

ယူကရိန်း ပဋိပက္ခအတွင်း ယနေ့အချိန်ထိ သေဆုံးခဲ့သူပေါင်းမှာ အရပ်သား၊ ခွဲထွက်ရေးသမားနဲ့ ယူကရိန်း တပ်ဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း လူပေါင်း (၂၅၉၃)ဦး ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့် အရေးအဖွဲ့မှ မနေ့က စာရင်းထုတ်ပြန် ခဲ့ပါသည်။ ဒါဟာ တစ်ရက်ကို ပျှမ်းမျှလူ(၃၆)ဦး သေဆုံးမှုနှုန်း ဖြစ်ပြီးဒီထဲမှာ လေယာဉ်ပျက်ကျမှုမှ သေဆုံးသူများ မပါဝင်သေးပါ။ စောင့်ကြည့်မှု များအရ အရပ်သား သေဆုံးမှုများဟာ ပိုမိုမြင့်တက် လာနိုင်ကြောင်း၊ ဒါ့အပြင် တိုက်ခိုက်မှု များအတွင်း နိုင်ငံခြားသားများ ပါဝင်လာမှု ပိုများလာတာ တွေ့ရကြောင်း အပြန်အလှန် တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့မှုများမှာ အရပ်သားများက အများစု ဖြစ်တယ်လို့ သိရှိရပါသည်။

No comments:

Post a Comment