Saturday, August 30, 2014

ယူကရိန်းအရှေ့ပိုင်းဒေသများသို့ ရုရှားဘက်မှ လက်နက်များ ပေးပို့နေကြောင်း ယူကရိန်းအမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီမှ ပြောခွင့်ရပုဂ္ဂိုလ်မှ ပြောကြား



ယူကရိန်း အရှေ့ပိုင်း ဒေသများမှာ ရုရှားတပ်ဖွဲ့ ဝင်များကို ပိုမိုတွေ့ရှိလာရပြီး လက်နက်များကိုလည်း ရုရှားဘက်မှ လက်နက်များ ပေးပို့မှုတွေ ရှိနေတယ်လို့ ယူကရိန်း အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် အန်ဒရီ လီဆန်ကိုက မနေ့က ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်မှုများကြောင့်  မာရီပူးလ် ဆိပ်ကမ်းမြို့ အထိပါ ခြိမ်းခြောက်မှုများ ရောက်ရှိနေပြီး ဖြစ်ပါသည်။ ရုရှားမှ အမြှောက်တပ်များနှင့် တပ်ဖွဲ့ဝင်များ စေလွှတ်မှုရဲ့ ရလာဒ်ဟာ ယူကရိန်း အရှေ့ပိုင်းမှာ သေဆုံးပျက်စီး ဆုံးရူံးမှုများ ဖြစ်ပေါ်စေကြောင်း ယူကရိန်းနှင့် အနောက်နိုင်ငံများက ပြောကြားခဲ့ပါသည်။ ယူကရိန်း အစိုးရနှင့် ရုရှားခွဲထွက်ရေး သမားများအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လူပေါင်း (၂၆၀ဝ)နီးပါး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ တာဝန်ရှိသူက သောကြာနေ့မှာ ပြောကြားခဲ့ပါသည်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ မနေ့က ကျင်းပတဲ့ ဥရောပသမဂ္ဂ နိုင်ငံများရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ရုရှားအပေါ်  ပိတ်ဆို့ အရေးယူမှု အသစ်များ ထပ်မံပြုလုပ်ဖို့ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment